ရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ် ၄ ရက်ညနေပိုင်းက မီးလောင်ခဲ့တာကြောင့် နေအိမ် ၇ လုံး ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုထဲက ဆိုင်ခြံကျေးရွာမှာ ညနေ ၅ နာရီလောက်ကစတင် မီးလောင်ခဲ့ပြီး ဓနိမိုး၊ ထရံကာ နေအိမ် ၇ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မီးဖိုချောင်ကနေစလောင်တာ။ သိတာတော့ မြန်တယ်၊ ဒါပေမဲ့ လေတိုက်ပြီးကူးတာမြန်တော့ ၇ လုံး လောက်ပါသွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
မီးလောင်မှုကြောင့် နေအိမ် ၇ လုံးပျက်စီးဆုံးရှုံးခဲ့ပေမဲ့ လူနဲ့တိရစ္ဆာန်ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ ဖေဖော်ဝါရီလထဲမှာလည်း မီးလောင်မှု ၃ ကြိမ်ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။