စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ တစ်လအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၂၅ မှု နဲ့ သက်ငယ်မုဒိမ်းမှု ၁ မှု စုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်လို့ အာဏာဖီဆန် CDM ပြုလုပ်ထားတဲ့ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ KPS မတ်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံရသူတွေထဲမှာ တရားခံအမျိုးသား ၃ ယောက်ကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပြီး သုံးစွဲသူ အမျိုးသား ၂၂ ယောက်ကိုတော့ လုံလောက်တဲ့ ခံဝန်ပေးထားကြောင် KPSက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ကျေးရွာတွေအတွင်း အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နိုင်စေဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး ကျေးရွာ ၃၁ ရွာကို ကွင်းဆင်းဝန်ဆောင်မှု ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ပြီး ချုပ်နှောင်ထားရှိဖို့ လုံခြုံတဲ့နေရာတစ်ခုမှ အကျဉ်းထောင် ဆောက်လုပ်နေတယ်လို့လည်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ KPS ရဲ့တာဝန်ခံတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလက ရဲတပ်ဖွဲ့ဝင်တယောက် အာဏာဖီဆန် CDM ပြုလုပ်လာပြီး ရဲတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ အဆက်အသွယ်ရရှိထားကာ သူတို့ကို မိသားစုဝင်တွေနဲ့အတူ ဘေးကင်းလုံခြုံစိတ်ချရတဲ့နယ်မြေမှာ ထားရှိတယ်လို့ သိရပါတယ်။