Home
မြန်မာသတင်း
စက်သုံးဆီဈေးတက်ပြီး ကုန်ကျစရိတ်များသဖြင့် ရေးအုတ်လုပ်ငန်းများ အရှုံးပေါ်
DVB
·
March 3, 2022
275055723_269082502053188_1827508057597225329_n
275009862_269082402053198_2193514933080531184_n
274984414_269082305386541_3818648239847140640_n

မွန်ပြည်နယ် ရေးမြို့နယ်က အုတ်လုပ်ငန်း လုပ်ကိုင်သူတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ တနှစ်ကျော်ကာလအတွင်း စက်သုံးဆီဈေး မြင့်တက်ပြီး အလုပ်သမားစရိတ်၊ သယ်ယူစရိတ်တွေ ပိုများလာတဲ့အတွက် ဒီနှစ် အုတ်လုပ်ငန်းရာသီမှာ အရှုံးနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။

စက်သုံးဆီဈေးနှုန်း စတင် မြင့်တက်လာကတည်းက သယ်ယူပို့ဆောင်စရိတ်နဲ့ ထင်း လောင်စာတွေ ဝယ်ယူရတဲ့ ကုန်ကျစရိတ် များလာတဲ့အတွက် ရောင်းလို့ရတဲ့ဈေးနဲ့ တွက်ခြေမကိုက်ဘူးတော့လို့ အုတ်ထုတ်လုပ်သူတွေက ဆိုပါတယ်။

“ဘိလပ်မြေဈေးလည်း ထက်ဝက်ကျော်တက်တော့ ဘိလပ်မြေအုတ်ဈေး တင်ရောင်းရပေမဲ့ ဒီဘက်နယ်မှာ အိမ်ဆောက်ပစွည်းဈေးတွေ အားလုံးတက်တော့ အိမ်တွေ မဆောက်နိုင်ကြတော့ဘဲ အရောင်းအဝယ်လည်း မရှိဘူးဆိုတော့ ငွေက မလည်ပတ်နိုင်ဘဲ လုပ်ငန်းက အရှုံးပေါ်တယ်” လို့ ဘိလပ်မြေ အုတ်ထုတ်လုပ်သူတဦးက ပြောပါတယ်။

လက်ရှိ အုတ်၊ ဘိလပ်မြေ လုပ်ငန်းတွေ မလည်ပတ်နိုင်တော့ရင် အလုပ်လက်မဲ့ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ လုပ်ငန်းကို မှီခိုနေရတဲ့ အလုပ်သမားတွေက ဆိုပါတယ်။

ရေးမြို့နယ်မှာ အုတ်လုပ်ငန်းလုပ်ကိုင်သူ ၁ ဒါဇင်ကျော်လောက်ဟာ ကျပ်သိန်းရာချီ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြပြီး ရာနဲ့ချီတဲ့ နေ့စားလပေး အလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်နေကြတာပါ။

မွန်ပြည်နယ်အတွင်းမှာ အုတ်လုပ်ငန်းကို မော်လမြိုင်၊ ရေး၊ မုဒုံ၊ ကျိုက်မရောမြို့နယ်တွေမှာ အဓိက လုပ်ကိုင်ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024