Home
မြန်မာသတင်း
ကျောင်းကုန်းရဲစခန်း၌ ရဲနှင့် အချုပ်သား ၅၀ ခန့်ကိုဗစ်ရောဂါဖြစ်နေသော်လည်း ဆေးကုသခွင့်မရ
DVB
·
February 26, 2022
517738-274260327_1282563392228001_8285950741896590861_n-730x365

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့ရှိ  မြို့မရဲစခန်းထဲ အချုပ်သား ၂၀ ကျော်နဲ့ ရဲ ၃၀ ကျော် ဖေဖော်ဝါရီ တတိယပတ်ကစတင်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပေမယ့် ဆေးကုသခွင့်မရသေးဘူးလို့ ဒေသခံရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရဲစခန်းထဲမှာ ဖမ်းဆီးထားတဲ့ အချုပ်သား ၂၀ ကျော်မှာ ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပေမဲ့ ဆေးကုသခွင့် မပေးဘဲ ဆက်လက်ချုပ်နှောင်ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူကပြောပါတယ်။ 

“အချုပ်သားတွေက ကူးတာကြာပြီ ဘယ်သူက စကူးတယ်ဆိုတာလည်း မသိဘူး။ အထက်ကိုလည်း မတင်ပြဘူး။ ခုထိဖမ်းထားတုန်း ရဲတွေလည်း ကူးနေပြီ။ တော်တော်အခြေနေ ဆိုးနေတယ်”လို့ ပြောပါတယ်၊။ 

ရဲစခန်းအချုပ်မှာ ဖမ်းဆီးထားတဲ့ အမျိုး ၁၆ ဦးနဲ့ အမျိုးသမီး ၄ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပေမဲ့ စခန်းမှူးက ဆေးကုသခွင့်မပေးဘဲ အချုပ်ခန်းကို ပိုးသတ်ဆေးဖျန်းတာလောက်ပဲပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ကျောင်းကုန်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်လောက် ကိုဗစ်ပိုးကူးပြီး တာဝန်ဆက်လက် ထမ်းဆောင်နေတာကြောင့် မိသားစုတွေကို ကူးစက်နိုင်သလို ပြည်သူတွေကိုလည်း ကူးစက်နိုင်တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024