Home
မြန်မာသတင်း
ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်
DVB
·
February 23, 2022
274168472_481595093688555_3899417244353616593_n

စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်၊ တောင်ပိုင်းမှာရှိတဲ့၊ ငါးဖားရွာမှာနေထိုင်တဲ့ ဒေသခံ ၂ ယောက်ကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဆိုပါကျေးရွာအတွင်းကို စစ်ကောင်စီ တပ်တွေက ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာအတွင်းကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။  

အသတ်ခံခဲ့ရသူတွေထဲက တစ်ဦးဖြစ်သူကတော့ အသက် ၅၀ ကျော်အရွယ် ဦးအောင်ထွန်းဖြစ်ပြီး နွားတွေထွက်ပြေးလို့ လိုက်ဖမ်းတဲ့အချိန် အသတ်ခံခဲ့ရတာဖြစ်ကာ နောက်ထပ်အသတ်ခံရသူတစ်ဦးကတော့ အသက် ၆၀ အရွယ် ဆွံ့အနေတဲ့ ပန်းရောင်းတဲ့ အမျိုးသား ဦးသန်းလှ ဖြစ်တယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။  

အသတ်ခံရသူ နှစ်ယောက်လုံးဟာ စစ်ကောင်စီ စစ်ကြောင်းထိုးနေတဲ့အချိန်နဲ့ တိုးမိပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရတာဖြစ်ကာ ရုပ်အလောင်းတွေမှာ သေနတ်ဒဏ်ရာတွေနဲ့ အခြားဒဏ်ရာတွေ ရရှိထားပြီး အလောင်းနှစ်ခုလုံးကို ပူးတွဲတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကတစ်ဆင့် သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စပြီး ဒေသတွင်း စစ်ကြောင်းထိုးရာမှာ လမ်းတလျှောက်မှာရှိတဲ့ ဒေသခံတွေရဲ့တောင်ယာထဲက တဲအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024