စစ်ကောင်စီတပ်က လေယာဥ်နဲ့ ပစ်ချတဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖယ်ခုံပြည်သူ့ကာ ကွယ်ရေးတပ် (PDF) က သိမ်းပိုက်ရရှိခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပြီး စစ်လက်နက်တွေထဲမှာ 79 အသီး ၉၆ လုံး ပါဝင်တဲ့ ဂျပ်ဖာ ၄ ဖာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း PDF ရဲ့ စနိုက်ပါကျည်သင့်ပြီး သေဆုံးခဲ့တဲ့ ရန် သူ ၈ ယောက်ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
လတ်တလော မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။