Home
မြန်မာသတင်း
ဂန့်ဂေါ GTI ကျောင်းဝင်းအတွင်းမှ ဆောက်လုပ်ရေးကုမ္ပဏီများ ထွက်ခွာရန် PDF သတိပေး
DVB
·
February 17, 2022
273986510_477702474077817_4788178214700741070_n

မကွေးတိုင်း၊ ဂန့်ဂေါမြို့ စိုင်ဒူး GTI ကျောင်းဝင်းအတွင်းမှာ စစ်ကောင်စီနဲ့ပူးပေါင်းလုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေကို ထွက်ခွာဖို့ ယောပြည်သူ့ ကာကွယ်ရေးတပ်မတော်က သတိပေး ထုတ်ပြန်ထားပါတယ်။ 

အဆိုပါ ကျောင်းဝင်းအတွင်းမှာ တည်ဆောက်ရေးလုပ်ငန်းတွေကို တာဝန်ယူဆောက်လုပ်နေတဲ့ ကုမ္ပဏီ ၄ ခုရှိပြီး ယောဘရားသားကုမ္ပဏီနဲ့ မြစ်သာဂန့်ဂေါ ကုမ္ပဏီ နှစ်ခုက အဲဒီလိုသတိပေးခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၁၅ ရက်က လုပ်ငန်းရပ်ဆိုင်းချိတ်ပိတ်ပြီး ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ကျန်ရှိနေသေးတဲ့ ဟိုပန်မန္တလာကုမ္ပဏီနဲ့ ဇွဲရဲရင့်ကုမ္ပဏီ နှစ်ခုကိုလည်း ၃ ရက်အတွင်း လုပ်ငန်းတွေရုပ်သိမ်း ထွက်ခွာသွားဖို့ကို အခုလို ထပ်မံ သတိပေးထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ 

အဆိုပါ သတိပေးချက်ကို မလိုက်နာပဲ ဆက်လက်ပြီး လုပ်ကိုင်နေမယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြေပြင်ပူးပေါင်းအဖွဲ့တွေက လိုအပ်သလို ထိရောက်တဲ့ နည်းလမ်းတွေနဲ့ အရေးယူမှုတွေ အမြန်ဆုံးလုပ်မယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013