ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့တဲ့ ဧရာဝတီတိုင်းသား ၁၅ ယောက်ကို မြဝတီတရားရုံးမှာ ဖေဖော်ဝါရီ ၁၆ ရက်က တတိယအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။
လေးကေ့ကော်မြို့သစ်ထဲမှာ လာရောက်ခိုလှုံရင်း ဖမ်းဆီးခံရတဲ့သူတွေကို ရုံးထုတ်စစ်ဆေးချိန်မှာ ဧရာဝတီတိုင်းက လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတော့ မပါဝင်ခဲ့ဘူးလို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
“သူတို့က ပုဒ်မတွေ အထုတ်ခံရပြီး ဖမ်းဆီးခံရမှာစိုးလို့၊ လာတိမ်းရှောင်နေတဲ့သူတွေပါ ဘာမှမဆိုင်ပဲ အဖမ်းခံရတာ မနေ့က ထပ်ရုံးထုတ်တယ်ကြားတယ်” လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေဟာ CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်းတွေ၊ ပရဟိတသမားတွေနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေဖြစ်ကြပြီး မအူပင်မြို့က ၁၁ ဦး၊ ဟင်္သာတမြို့က ၃ ဦးနဲ့ ဖျာပုံမြို့က ၁ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ပုဒ်မအမျိုးမျိုးထုတ်ဖမ်းဆီးဖို့လုပ်နေလို့ လေးကေ့ကော်မြို့သစ်ထဲမှာ လာရောက်တိမ်းရှောင်နေချိန်မှာ ဖမ်းဆီးခံရသူ တွေကို မြဝတီတရားရုံးမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပေဒပုဒ်မ ၂၅ နဲ့ ဇန်နဝါရီလ ၁၀ ရက်ကစတင်ပြီး ရုံးထုတ်စစ်ဆေးခဲ့တာလို့ သိရပါတယ်။