Home
မြန်မာသတင်း
ရေးမြို့နယ်တွင် PDF တပ်ဖွဲ့ဝင်များ လှည့်လည်အင်အားပြ
DVB
·
February 15, 2022
274077948_251465487148223_8128641104494969022_n
274053781_251465860481519_3230974685749695116_n
274025702_251465427148229_3977168985173070247_n
273989199_251465733814865_819610358466341122_n
274037481_251465927148179_6507619219019341786_n

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျေးရွာတရွာမှာ  ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့ နေ့လယ်ပိုင်းက   ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ  လှည့်လည်အင်အားပြခဲ့တယ်လို့  YSTF က ထုတ်ပြန်ပါတယ်။

MSRU၊ ရေး ဘီလူး၊ YSTF တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းမဟာမိတ်စစ်ကြောင်းနဲ့ ချီတက်ခဲ့တာဖြစ်ပြီး ရွာသူ/ရွာသားတွေကို စစ်ကောင်စီရဲ့ ရန်ငြိုးဖွဲ့ဖမ်းဆီးမှုတွေ ဖြစ်လာနိုင်တာကြောင့် မိမိတို့နေထိုင်ရာ အိမ်တွင်းမှ အပြင်မထွက်ပဲ အဝေးမှသာ အားပေးစောင့်မျှော်ကြဖို့  ကြိုတင်အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၃  ရက်ကလည်း မော်လမြိုင်-ရေး- အာရှအဝေးပြေး ကားလမ်းမကြီးပေါ်မှာ  ၁၀၆၊ ၅၈၈ တပ်ရင်းနဲ့  ၃၄၃၊၅၈၇ တပ်ရင်း အကြားရှိ စံပြကျေးရွာဘေး အနီးမှာ ခရီးသွားမိဘပြည်သူတွေနဲ့ တွေ့ဆုံမိတ်ဆက် လက်သုံးချောင်းထောင်ကာ တော်လှန်ရေးအတွက် အသင့်ရှိနေမည်ဖြစ်ကြောင်း YSTF တပ်ဖွဲ့က ပြသခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024