စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ရန်ကြီးအောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းတစ်ခုကို ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့က အခုလို တိုက်ခိုက်ခဲ့တာဖြစ်ပြီး CDF-KKG ပူးပေါင်းတပ်ဖွဲ့ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်လည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲကြာမြင့်ချိန် ၂ နာရီရှိခဲ့တယ်လို့လည်း CDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စခန်းအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရသလို ဒဏ်ရာအများအပြားရရှိခဲ့တယ်လို့လည်း အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
အဲဒီလို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။