Home
မြန်မာသတင်း
ဘုတလင်မြို့နယ်၌ လမ်းအသုံးပြုခကောက်ခံသည့်ဂိတ် မိုင်းခွဲခံရ
DVB
·
February 12, 2022
495354-478909-Bu-Ta-LIN-730x365-1-730x365

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ဘုတလင်-မုံရွာသွား ကားလမ်းမပေါ်က လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်ကို ဖေဖော်ဝါရီ ၁၂ ရက် မွန်းတည့် ၁၂ နာရီလောက်က  မိုင်းဖောက်ခွဲခံခဲ့ရတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီကို ငွေရှာပေးနေတဲ့ ဒေါက်တိုင်ဖြစ်တာကြောင့် အခုလို မိုင်းဖောက်ခွဲတာလို့ သိရပါတယ်။ 

ဘုတလင််မြို့နယ်မြေခံပြည်သူကာကွယ်ရေးတပ်အဖွဲ့ဝင်တစ်ဦးက “ဖောက်ခွဲတာ‌ကတော့ လမ်းပေါ်က လမ်းအသုံးပြုခကောက်တဲ့ အဆောက်အဦကို ဖောက်ခွဲခဲ့တာ။ လူအထိအခိုက်ကတော့ မရှိဘူးဗျ” လို့ ပြောပါတယ်။

အခုလိုမိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်၊ မြို့ပေါ်ရွာက ဒေသခံရွာသားတွေနဲ့ ရဟန်းတပါးအပါအဝင် ၅ ဦးကို သသယနဲ့ ဖမ်းဆီးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024