ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းလူကူးတံတားပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဗီနိုင်းပိုစတာတက်ရောက်ချိတ်ဆွဲခဲ့တဲ့ လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ လူငယ်တယောက် ရန်ကုန်တော်လှန်ရေး အင်အားစုတွေကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၆ ရက် ဒီညနေ ၃ နာရီ ကျော်က ပြည်လမ်း လူကူးတံတားပေါ်မှာ ဗီနိုင်းချိတ်ဆွဲနေတဲ့ လူငယ် ၄ ယောက်ကို စစ်တပ်နဲ့ရဲက လိုက်လံပစ်ခတ်ဖမ်းဆီးတာမှာ လူငယ် တယောက် ကျည်ဆန်ထိမှန်ပြီး ဗိုက်ပွင့်ကာသေဆုံးခဲ့တာလို့ အနီးနားနေထိုင်သူတွေကလည်း အတည်ပြုပြောပါတယ်။
ထွက်ပြေးခဲ့တဲ့လူငယ် ၄ ယောက်ထဲက ၃ ယောက် လွတ်မြောက်သွားခဲ့ပြီး သေဆုံးသွားခဲ့တဲ့ လူငယ်ကတော့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း တကျောင်းက သမဂ္ဂအလုပ်မှုဆောင်အဖွဲ့ဝင် ဖြစ်တယ်လို့လည်း သိရပါတယ်။
ရန်ကုန်မှာ ကျောင်းသား ၊ လူငယ်တွေက နေ့စဥ်ဆိုသလို စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပြောက်ကျားသပိတ်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတာရှိသလို စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်းတွေကို လူစည်ကားတဲ့ လူကူးတံတားတွေပေါ်မှာချိတ်ဆွဲ ဆန္ဒထုတ်ဖော်ကြတာလည်း ရှိပါတယ်။