စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် မြို့မရဲစခန်း ဖေဖော်ဝါရီ ၃ ရက် ညနေ ၄ နာရီလောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ကနီမြို့နယ်အခြေစိုက် ပြည်သူကာကွယ်ကျောက်လုံးကြီးဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ ဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်ခဲ့တာဗျ။ ပထမနေရာက ကနီအထက ၁ ထဲ တပ်စွဲထားတဲ့ကောင်တွေ ကနီဘောလုံးကွင်းထောင့် ထွက်လာတာမြင်ရလို အဲနေရာကို တစ်လုံးချခဲ့တယ်။ နောက်တစ်လုံးက ကနီမြို့မရဲစခန်းထဲကို အပေါ်ကနေချတိုက်ခိုက်ခဲ့တယ်။ စုစုပေါင်းနှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က အကျဆုံးများစွာရှိနိုင်တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပေမယ့် ဒီဗွီဘီက သိခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါဘူး။
တိုက်ခိုက်မှုကို ကနီမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် ကနီတို့ ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။