Home
မြန်မာသတင်း
ပွင့်ဖြူမြို့တွင် အာဏာသိမ်းစစ်တပ်မိသားစုဝင်များ စုပေါင်းပြီး တပ်ထောက်ခံပွဲ ပြုလုပ်
DVB
·
February 1, 2022
273142894_2757271934574250_8834818266697106624_n
273158083_2757272044574239_6782819608238698573_n
273101318_2757272111240899_7022489837660307783_n
273172963_2757272271240883_4176377088798969677_n

မကွေးတိုင်း ပွင့်ဖြူမြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့မနက်ပိုင်းက အာဏာသိမ်းစစ်တပ်ရဲ့ မိသားစုဝင်တွေစုပေါင်းပြီး တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီထောက်ခံပွဲကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ လုံခြုံရေးအပြည့်ယူပြီး ပွင့်ဖြူမြို့နယ် အားကစားကွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့မိသားစုဝင်တွေနဲ့ တပ်ထောက်ခံသူ အင်အား ၁၀၀ လောက်နဲ့ ပြုလုပ်ခဲ့ကြတာလို့ ပွင့်ဖြူမြို့ခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။

ဒီကနေ ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ပြီး နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချကာ အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တာ တစ်နှစ်ပြည့်တဲ့နေ့ဖြစ်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းတာနဲ့ အသံတိတ် သပိတ်ပြုလုပ်နေကြပါတယ်။

စစ်ကောင်စီဘက်က ပြည်သူတွေ အင်တိုက်အားတိုက်ပါဝင်နေတဲ့ အသံတိတ်သပိတ်ကို ကြောက်လန့်ပြီးတော့ ဖျက်လို ဖျက်ဆီးအနေနဲ့ တပ်ထောက်ခံပွဲ လုပ်ပြနေတာလို့ ပွင့်ဖြူမြို့ခံက ပြောပါတယ်။

“သူတို့တွေ ဘယ်လို နည်းနဲ့ပဲံဖျက်ဖျက်၊ ကျနော်တို့တွေရဲ့ အသံတိတ်သပိတ်က တိုင်းသိ၊ ပြည်သိ ကမ္ဘာသိ အောင်မြင်သွားပြီဗျ။ ဒါကျနော်တို့ ပြည်သူတွေ ဘယ်လောက်ထိညီညွတ်တယ်ဆိုတာ နိုင်ငံတစ်ကာကို ပြသတဲ့ပွဲ ဖြစ်တယ်၊” 

အဲဒီတပ်ထောက်ခံပွဲကို ဖလံကျင်း၊ ဆည်တော်၊ ရှောက်တော၊ ကျောင်းကုန်းကြီး၊ မဲဇလီနဲ့ ကုန်းဇောင်ဘက်က စစ်တပ်ထောက်ခံသူတွေလည်း နေ့စားခ ရယူပြီး လာရောက်ပူးပေါင်းခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024