ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ဗလီလမ်းမှာ ငွေစက္ကူ ၁ သောင်းတန် ငွေကျပ် သိန်း ၁၆၀ ကျော် ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
ဆိုင်ကယ်ခိုးမှုတရားခံတွေရဲ့ နောက်ဆက်တွဲ တရားခံတွေကို ဇန်နဝါရီ ၂၉ ရက်နေ့က လိုက်လံဖမ်းဆီးရာကနေ ငွေစက္ကူ ၁ သောင်းတန် အတုလုပ်သူ ဉာဏ်ထွန်းဝင်းနဲ့ လှိုင်မင်းအောင်တို့ကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
“ဆိုင်ကယ်တွေအများကြီးဖမ်းမိတဲ့ အမှုကို လိုက်ရင်း ပိုက်ဆံအတုလုပ်တဲ့သူတွေကို ဆက်ဖမ်းတာ အားလုံးမိတာ သူတို့ဆီမှာ ကျပ်သိန်း ၁၆၀ မိတယ် ဖြန့်ထားတာတွေ ဆက်လိုက်ရအုံးမယ်”လို့ ပြောပါတယ်။
ငွေ ၁ သောင်းတန်အတုပြုလုပ်သူတွေကို ဗလီလမ်းက လက်ကီးဆစ် ဆန်ဆိုင် အပေါ်ထပ်မှာ ငွေစက္ကအတု ပြုလုပ်တဲ့ လက်ပ်တော့၊ ကာလာပရင်တာနဲ့ စက္ကူထုပ်တွေနဲ့အတူဖမ်းမိခဲ့တာဖြစ်ပြီး ဖြန့်ထားတဲ့သူတွေကိုဖမ်းဆီးဖို့ စီစဉ်နေ တယ်လို့ ဆိုပါတယ်။
ငွေစက္ကူ ၁ သောင်းကျပ်တန်အတုပြုလုပ်သူတွေကို ပုသိမ်နယ်မြေရဲစခန်းမှာ (ပ) ၁၆/၂၀၂၂၊ ပုဒ်မ ၁၀၅/၁၀၆ စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။