Home
မြန်မာသတင်း
ဝက်ထီးကန် ရဲသင်တန်းကျောင်းအနီး ရဲကင်းဗုံးခွဲခံရပြီး ရဲ ၁ ဦး သေဆုံး
DVB
·
January 31, 2022
273028274_144295981390621_8098709933947926278_n

ပဲခူးတိုင်း ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ ရဲသင်တန်းကျောင်းအနီး   အ.ထ.က ကျောင်းဝင်းထဲက ရဲကင်းမှာ     ဇန်နဝါရီ  ၃၁ ရက် မနက် ၈ နာရီ ၂၀ လောက်က ဗုံးပေါက်ကွဲပြီး  ရဲတယောက်သေဆုံးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

အခုပေါက်ကွဲမှုမှာ သေဆုံးသွားသူက ဝက်ထီးကန်ရဲသင်တန်းကျောင်းစခန်းက  ဒေသခံရဲတပ်ကြပ်ကြီး ညွှန့်ဝင်းဖြစ်တယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။ 

ဒေသခံတယောက်က“ဗုံးက စာသင်ကျောင်း စည်းရိုးအုပ်တံတိုင်းအတွင်းဘက် ကျောင်း ရဲ့ မြောက်ဘက်ထွက်ပေါက်နားက သူတို့ သဲအိပ်ဘန်ကာလုပ်ထားတဲ့ နေရာမှာ ပေါက်တာ။ အသံက အကျယ်ကြီးပဲ။ သူတို့ကတော့ ဆွဲမိုင်းတော့ မဟုတ်ဘူး။ အချိန်ကိုက်လုပ်ထားပြီး ဖုံးနဲ့ခေါ်ပြီးခွဲတဲ့ ချိန်ကိုက်ဗုံးဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောနေတာကိုတော့ကြားတယ်”လို့ ပြောပါတယ်။

ဗုံးကွဲတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ဈေးလည်းရှိပြီး ဗုံးပေါက်ကွဲမှုကြောင့် လူတွေ ထိတ်လန့် သွားကြတယ်လို့လည်း ဒေသခံက ပြောပါတယ်။

ဝက်ထီးကန်မြို့မှာ စစ်အာဏာသိမ်းပြီး တတည်းက စစ်တပ်ကရဲစခန်းမှာအမြဲတပ်စွဲထားပြီး ရဲတွေကတော့ ဌာနဆိုင်ရာနေရာတွေမှာ လုံခြုံရေးစောင့်ကြပါတယ်။ အခု ဗုံးကွဲမှုဖြစ်တဲ့ စာသင်ကျောင်းမှာ ဒေသခံရဲတွေက ဘန်ကာတွေဆောက်လုပ်ပြီး လုံခြုံရေးယူထားကြတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024