Home
အနုပညာ
“လွတ်မြောက်နယ်မြေ” အမည်ဖြင့် ကျားပေါက်တကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်မည်
DVB
·
January 25, 2022
272424279_4730384323704211_7004370323325639498_n
272625168_4730384403704203_5884828948767031094_n
Kyar Pauk

သီချင်းတွေ ရေး၊ ဆိုသလို ပန်းချီအနုပညာရှင်တယောက်လည်းဖြစ်တဲ့ အဆိုတော် ကျားပေါက်ရဲ့ တကိုယ်တော်ပန်းချီပြပွဲကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

“လွတ်မြောက်နယ်မြေ” အမည်နဲ့ ဒီပြပွဲကိုတော့ နာမည်ကျော် သုဝဏ္ဏဘူမိ ပန်းချီပြခန်းမှာ လာမယ့် ဇန်နဝါရီ ၂၉ ရက်ကနေ ဖေဖော်ဝါရီ ၂၆ ရက်အထိ ခင်းကျင်းပြသသွားမယ်လို့ သိရပါတယ်။

ကျားပေါက်(ခ)ဟန်ထူးလွင်ဟာ နာမည်ကြီးအဆိုတော် ရင်ဂိုရဲ့ မျိုးဆက်ရင်သွေး တယောက်ဖြစ်ပြီး ဖခင်နဲ့မတူညီတဲ့ ဆူညံပေါက်ကွဲလွယ်တဲ့ ပန့်ခ်အမျိုးအစား သီချင်းတွေနဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက Big Bag တေးဂီတအဖွဲ့နဲ့အတူ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

ပန့်ခ်အကြောင်းအပြောနဲ့၊ အားလုံးအတွက်ပန့်ခ်၊ AD 3000၊ တယ်လီပန်ခ့် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေကစလို့ ထင်ရှားတဲ့ သီချင်းပေါင်းများစွာကို ရေးသားသီဆိုအောင်မြင်ခဲ့တဲ့ ကျားပေါက်ဟာ ဝါသနာပါရာ စာပေရေးသားမှုတွေ၊ ပန်းချီဆွဲတာတွေကိုလည်း လုပ်ဆောင်နေသူ တယောက်ပါ။

ဒါ့ပြင် ကျားပေါက်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစ စစ်အာဏာသိမ်းပြီးချိန်ကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပြည်သူတွေနဲ့အတူ တထောင့်တနေရာက ပါဝင်နေပြီး စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခဲ့တာကြောင့် ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်းမှာလည်း သူဟာ နွေဦးတော်လှန်ရေးမှာ ကျရာကဏ္ဍကနေ ပါဝင်နေခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရန်ပုံငွေရှာဖွေရေးလုပ်ငန်းတွေမှာလည်း တတပ‌ေတအား ပါဝင်နေပါတယ်။

ခုတခါမှာတော့ တော်လှန်ရေးဖြတ်သန်းမှုကာလတွင်း ကျားပေါက်ရဲ့ တခြားသော စာမျက် နှာတခုက ပန်းချီလက်ရာတွေကို ရှုစားနိုင်မှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013