Home
မြန်မာသတင်း
ကသာမြို့နယ်၌ စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကြဲ၊ စေတီဘုရားများထိမှန်ပျက်စီး၊ ကလေးငယ် ၁ ဦး ဒဏ်ရာရ
DVB
·
January 18, 2022
ppptddy

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာအနီးက ဘုရားကုန်းမှာ ဇန်နဝါရီ ၁၈ ရက်  ဒီနေ့လယ်  ၂ နာရီခွဲလောက်က စစ်ကောင်စီလေတပ် ဂျက်လေယာဉ် ၂ စီးလာရောက်ဗုံးကြဲ ​တိုက်ခိုက်တာကြောင့် စေတီ​တော်ကြီးနဲ့ အရန်စေတီတော် တဆူထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

လေကြောင့်ဗုံးကြဲတိုက်ခိုက်တာကြောင့် စေတီပုထိုးတွေပျက်စီးတာအပြင် အသက် ၅၀ အရွယ် အမျိုးသားတယောက် နဖူးမှာ ဗုံးစထိမှန်ပြီးတော့ ဘုရားရင်ပြင်မှာ ဆော့ကစားနေတဲ့ အသက် ၈ နှစ်အရွယ်ကလေး တစ်ယောက် ကျောကုန်းမှာ ဗုံးစထိမှန်သွားခဲ့ပါတယ်။

ဒေသခံတယောက်က "ဘုရားကုန်းကိုလာကြဲတာဗျ၊ PDFတွေရှိတယ် အထင်နဲ့နေမှာ၊ သူတို့(စကစ) ဗုံးလာကြဲတိုင်း ပြည်သူတွေကိုပဲထိနေတာ။ အခုလည်း ကလေးနဲ့ လူကြီးတစ်ယောက်ထိတယ်၊ ကလေးကတော့စိုးရိမ်ရတယ်" လို့ ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘုရား အရန်တံတိုင်းနဲ့ အမိုးသွပ်ပြားတွေပါ ပေါက်ပြဲသွားပါတယ်။

ကသာမြို့နယ်မှာ ဒီနေ့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ လာရောက်ဗုံးကြဲတာဖြစ်ပြီး အရင်နေ့တိုက်ပွဲတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေရှိတယ် အထင်နဲ့ လာရောက်ဗုံးကြဲတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲတွေဖြစ်တိုင်း အထိနာနေတဲ့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်တွေမှာ မကြာခဏ ပြည်သူတွေရှိတဲ့ မြို့ရွာတွေမှာ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024