စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုထိုးသာကျေးရွာနဲ့ အနီးပတ်ဝန်းကျင်တွေကို ဇန်နဝါရီ ၁၃ ရက် နေ့လယ် ၁ နာရီကျော်မှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောက်စီက အခုလို ပစ်ခတ်တာကြောင့် ဒေသခံများဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
“ပထမ ရဟတ်ယာဉ်တစ်စီးနဲ့ ပတ်ပစ်တယ်။ နောက်ထပ်တစ်စီး ထပ်ရောက်လာပြီး စစ်အင်အားလာချနေတယ်။ ကျနော်တို့လည်း အခုထွက်ပြေးနေရတယ်။ လက်ရှိအချိန်ကတော့ အခြေအနေတွေက ရှုပ်ထွေးနေတော့ ဘာမှမသိသေးလို့ ဘာမပြောနိုင်သေးဘူးဖြစ်နေတယ်" လို့ ပုလဲမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံပြည်သူကာကွယ်ရေးတပ်တွေကလည်း ဇန်နဝါရီ ၁၂ ရက်နေ့ ည ၁၀ နာရီလောက်က ပုလဲမြို့မရဲစခန်းကို လက်နတ်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အကျအဆုံးတွေရှိနေတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီဘက်ကလည်း စစ်ကိုင်းတိုင်းတိုင်ကို ထိန်းချုပ်နိုင်ဖို့ရာ အခုလပိုင်းတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်လာနေတယ်လို့ သိရပါတယ်။