မွန်ပြည်နယ် ရေး PDF က ကိုယ်ပိုင် စမ်းသပ်တီထွင်ခဲ့တဲ့ ပွိုင့် ၂၂ ကျည်နဲ့ အသုံးပြုနိုင်တဲ့ စနိုက်ဘာပုံစံ သေနတ်အမျိုးစားကို တီထွင်နိုင်ခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပြည်သူတွေကို ပုံရိပ်တချို့ကို ထုတ်ဖော်ပြသလိုက်ပါတယ်။
အဆိုပါ သေနတ်မှာ ကိုက် ၂၀၀ ပစ်မှတ်လောက်ကို ထိရောက်တယ်လို့ ဆိုပါတယ်။ ပစ္စည်းကုန်ကြမ်းနဲ့ နည်းပညာပိုင်းအတွက် ငွေကြေး အဓိကလိုအပ်ချက် ဖြစ်နေတယ်လို့ ရေး PDF တာဝန်ရှိသူတဦးက ပြောပါတယ်။
“သေနတ် ၁ လက်ရဲ့ ခန့်မှန်း ကုန်ကျစရိတ်က ၁ သိန်း ၈ သောင်းလောက် ကုန်ကျပါတယ်။ လက်နက်စမ်းသပ်အောင်မြင်လာတဲ့အခါ စစ်မြေပြင်မှာပိုပြီး အသုံးချသွားဖို့ များများ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားပေမဲ့ လက်ရှိ အခြေနေမှာ ကိုယ့်အားကိုယ်ကိုးဘဲ လုပ်ရသေးတော့ အခက်ခဲတွေက အများကြီးနဲ့ ကြုံရတယ်။”
ရေးမြို့နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရေး PDF တွေက စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကို ရရာလက်နက်တွေနဲ့ တိုက်ခိုက်လာတာ ဒီနေ့အထိ ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေ ၁ ဒါဇင်လောက် ရှိနေပါတယ်။