စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က စစ်ကောင်စီတပ်က အရာရှိနှစ်ဦး မြွေပွေးကိုက်ခံရပြီး ဒု-တပ်ကြပ်တစ်ဦး သေဆုံးသွားတယ်လို့ ဝက်လက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။
ဇန်နဝါရီ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီလောက်က ရှားကွဲကျေးရွာ မြောက်ဘက်က မန်းတောင် အထက်ပိုင်းမှာ PDF တပ်ဖွဲ့ဝင်တွေကို တောနင်းရှာဖွေနေတဲ့ စစ်ကောင်စီတပ်က အရာရှိနှစ်ဦး မြွေပွေးကိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တောနင်းရှာဖွေစဉ်မှာ မန်းတောင် အထက်ပိုင်းမှာ ဗျူဟာမှူးတစ်ဦးနဲ့ ဒုတပ်ကြပ်တစ်ဦး မြွေကိုက်ခံခဲ့ရတာဖြစ်ပြီး ချောင်းမှီးတို ကျေးရွာက ရမ်းကု ဆရာတစ်ဦးဆီမှာ ကုသခိုင်းခဲ့တယ်လို့ သိရပါတယ်။
ဒုတပ်ကြပ်ဟာ ဆေးထိုးချိန်မမီလိုက်ဘဲ သေဆုံးခဲ့တာဖြစ်ပြီး ဗျူဟာမှူးကတော့ ဆေးထိုး ထားတာကြောင့် မသေဆုံးခဲ့တာလို့ သိရပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့က စစ်ကောင်စီတပ် အင်အား ၁၄၀ လောက်နဲ့ ဝက်လက်မြို့နယ်အတွင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တောနင်းရှာဖွေခဲ့တာလို့ သိရပါတယ်။