မကွေးတိုင်းဒေကြီး မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီကားတစ်စီးကို နှစ်ကြိမ် မိုင်းဆွဲတိုက်ခဲ့တယ်လို့ မြိုင် PDF တပ်ဖွဲ့က ပြောပါတယ်။
မြိုင်-မန္တလေးကားလမ်း တောကျေးရွာနားမှာ ဒီကနေ့မနက် ၁၁ နာရီလောက်က စစ်ကောင်စီကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့ အဲဒီကားကိုပဲ လင်းကတောကျေးရွာနာမှာ နောက်ထပ်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ခွင့်ချိန်က ပြောပါတယ်။
“မိုင်းက နှစ်ပွိုင့်ဆွဲလိုက်တာဗျ။ တစ်ပွိုင့်ကို ၁၅ လုံးစီနဲ့ မိုင်းအလုံး ၃၀ ပြီးတိုက်ခိုက်ခဲ့တာ ။ကားကတော့ တော်တော်လေး ပျက်စီးသွားပြီးတော့ ထိခိုက်သေဆုံးတဲ့သူ ရှိနိုင်တယ်။”
စစ်ကောင်စီတပ်သားတွေဟာ ခြေလျင်ဆင်းလျှောက်ပြီး ရမ်းသမ်းပြန်လည် ပစ်ခတ်ပေမယ့်လည်း မြိုင် PDF က ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။
မြိုင် PDF တပ်ဖွဲ့က ပေါက်မြို့နယ် သရက်ကန်ရဲကင်းစခန်းကို မနေ့မနက်အစောပိုင်းမှာ ရှော့တိုက်ဒုန်း ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲ့ ရဲတပ်သား တစ်ယောက်သေဆုံးခဲ့ တယ်လို့သိရပါတယ်။
အဲဒီတိုက်ပွဲနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။