“တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ၊ ထိုင်းရောက်တို့မြန်မာ” ကျန်းမာရေးရန်ပုံငွေ ဖျော်ဖြေပွဲကနေ ရန်ပုံငွေဘတ်သိန်း ၁၂၀ ကျော် ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီအစီအစဉ်ကိုတော့ ထိုင်းနိုင်ငံရောက်မြန်မာတွေရဲ့ NUG အတွက် ကျန်းမာရေးရန်ပုံငွေ အွန်လိုင်း အနုပညာပွဲတော်အနေနဲ့ ကျင်းပခဲ့တာဖြစ်ပြီး တော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်နေကြတဲ့ နာမည်ကြီး အနုပညာရှင် မင်းမော်ကွန်း၊ လင်းလင်း၊ ချစ်သုဝေ၊ ပိုင်ဖြိုးသုနဲ့ အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေခဲ့ကြတာပါ။
လတ်တလောမှာတော့ ဒီဖျော်ဖြေပွဲကနေ မျှော်မှန်းပမာဏထက် ၁၆၀ ရာခိုင်နှုန်းကျော် ရောင်းချခဲ့ရတဲ့အတွက် ပြည်သူတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ဂုဏ်ယူမိကြောင်းနဲ့ အဆိုပါရန်ပုံငွေတွေကို စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ လူနာတွေအတွက် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ကိုဗစ်-၁၉ အပါအဝင် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေနဲ့ စစ်အာ ဏာရှင်တော်လှန်ရေးအတွက် တခြားလိုအပ်တဲ့ နေရာတွေဆီ ပေးပို့လှူဒါန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။