စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ကံထူးမရွာမှာ ဒီဇင်ဘာ ၃၀ ရက် မနက် ၉ နာရီခွဲလောက်က စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
အခုလိုမိုင်ဆွဲတိုက်ခိုက်ခံခဲ့လို့ စစ်ကောင်စီဘက်က အကျဆုံးများ ရှိနိုင်ပြီး စစ်ကောင်စီဘက်က ပစ်ခတ်တာကြောင့် ဈေးဝယ်လာတဲ့ ရွာသား နှစ်ဦး သေနတ် ထိမှန်ခဲ့တယ်လိုလည်း ဒေသခံတွေက ပြောပါတယ်။
တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုလူမုန်းက “ဖြစ်တာက ကံထူးမရဲစခန်းက စစ်ကောင်စီဆိုင်ကယ် ရှစ်စီးနဲ့ မြို့တွင်း လှည့်ပတ်သွားလာနေတဲ့ မိုင်းဆွဲခဲ့တယ်။ မိုင်းဆွဲတာက ဘောလုံးကွင်းနားမှာ ဖြစ်တာ။ ကျနော်တို့ဘက်က အကျအဆုံး မရှိဘူး။ ဒီကောင်တွေဘက်ကတော့ အထိခိုက်အကျ အဆုံးတော့ ရှိမယ်။ အတိကျတော့ မပြောနိုင်ဘူး။ သူတို့ပစ်လို့ ရွာသား နှစ်ဦးတော့ ထိခိုက်ဒဏ်ရာရတာတော့ ရှိတယ်။ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။
တန်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေကို ပြည်သူကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက် ခိုက်နေသလို စစ်ကောင်ဘက်ကလည်း ဒေသခံတွေအပေါ် နေအိမ်တွေ ဖျက်ဆီးတာ၊ ကျေးရွာတွေ မီးရှို့တာတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ပစ်သတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။