မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၇ ရက် နေ့လယ် ၁ နာရီခွဲလောက်က တိုက်ခိုက်ရေးသုံး ရဟတ်ယာဥ်သုံးစီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၄၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
အဲလိုစစ်ဘေးရှောင်ရင်း ဒီနေ့ ဒီဇင်ဘာ ၂၄ မှာ အအေးဒဏ်ကြောင့် အသက်ကြီးသူ နှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ဘေးရှောင်နေရတာ ၁၇ ရက်နေ့ကတည်းကဗျ။ အကူညီတွေကတော့ ဆေးဝါးတွေ၊ အစား အသောက်တွေ အရေးပေါ် လိုအပ်နေတယ်ဗျ။ တောင်ပေါ်ဒေသဆိုတော့ အခက်အခဲအမျိုးမျိုး ရှိတယ်။ ဆောင်းရာသီလည်းဖြစ်တော့ အနွေးထည်နဲ့ခြုံဆောင်တွေလည်း လိုအပ်နေတယ်ဗျ။ ဒီနေ့မှာ အအေးပက်ပြီး အသက်ကြီးရွယ်အိုနှစ်ဦးဆုံးပါးသွားတယ်။ ပြောရရင်တော့ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်” လို့ စစ်ဘေးရှောင်ကူညီပေးနေတဲ့ ကိုနွေဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဂန့်ဂေါမြို့နယ်နဲ့ ပုလဲမြို့နယ်တို့ကို ထိန်းချုပ်ဖို့ အင်းအားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို ကျေးရွာတွေကို မီးရှို့နေတယ်လို့ ဒေသခံရွာသားတွေက ပြောဆိုနေ ကြပါတယ်။
နှမ်းခါးစစ်ဘေးရှောင်သူ အမျိုးသမီးတစ်ဦးက “ကျမတို အားကိုးစရာ မရှိတော့ပါဘူး။ စားစရာလည်း မရှိသလို၊ ခြုံစရာစောင်လည်း မရှိဘူး။ ကျမ ကလေးနှစ်ယောက်ဆို အအေးပတ်ဖျားနေတာ ၃ ရက်ရှိနေပြီ။ ဘာဆေးဝါးမှ မတိုက်ရဘူး။ ဘယ်က အကူအညီမှ ရောက်မလားသေပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မကွေးတိုင်းအတွင်းသာမက စစ်ကိုင်းတိုင်းအတွင်းဘာ နယ်မြေရှင်းလင်းရေး ကို အကြောင်ပြပြီး ကျေးရွာတွေကို မီးရှို့နေသလို ရွာသားတွေကို ပစ်သတ်နေတာကြောင့် စစ်ကိုင်းတိုင်းအတွင်းက ဒေသခံရွာသား ထောင်နဲ့ချီဟာလည်း စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ-နှမ်းခါးစစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးကိုနွေဦးမှပေးပို့ထားပါတယ်