Home
မြန်မာသတင်း
မော်လမြိုင်ကျွန်း၌ မိုင်တဲလ်တာဝါတိုင် ကင်းစောင့်ရန် စစ်ကောင်စီက ဒေသခံများကို စေခိုင်း
DVB
·
December 21, 2021
268314858_1246022502548757_3000199720810842966_n

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်အုပ်စုပိုင်မိုင်တဲလ်တာဝါတိုင် ဖျက်ဆီးခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူတွေကို ကင်းစောင့်ခိုင်းဖို့ ညွှန်ကြား ထားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၀ ရက်က ငှက်တော်ရွားနားက စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရပြီးနောက်ပိုင်း ရွာသားတွေကို တည ၅ ယောက်နှုန်းနဲ့ ကင်းစောင့်ခိုင်းဖို့ စစ်ကောင်စီက ညွှန်ကြားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးက ပြည်သူတွေကို ကင်းစောင့်ရမယ် ပြောတာ ဘယ်နေ့စစောင့်ရမယ်ဆိုတာတော့ မပြောသေးဘူး” လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးခေါ်လို့ ဒီဇင်ဘာ ၁၂ ရက်က အစည်းဝေးသွားချိန်မှာ မိုင်တဲလ်တာဝါတိုင်တွေကို အလှည့်ကျကင်းစောင့်ရမှာ ဖြစ်ပြီး မစောင့်နိုင်တဲ့သူကို ကျပ် ၂ သောင်းဒဏ်ရိုက်ပြီး အစားထိုးကင်းစောင့်ခိုင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူအများစုမှာ ကိုဗစ်ကာလမှစတင်ကာ စီးပွားရေးခက်ခဲ ကျပ်တည်းလာပြီး စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာချိန် ခုလို ကင်းစောင့်ခိုင်းတာဟာ အလုပ်ကိုင်ပျက်သလို မစောင့်နိုင်ရင်လည်း ပေးရမယ့် ဒဏ်ငွေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024