Home
မြန်မာသတင်း
ချောင်းဆုံက ကျောင်းသား ၅ ဦးတွင် ကိုဗစ်ပိုးတွေ့၊ ကျောင်းယာယီပိတ်ထား
DVB
·
December 21, 2021
269713074_1771724669825127_5567066179967643501_n

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာ၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းက ကျောင်းသား ၅ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက DVB ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့က အနံ့ပျောက်နေတဲ့ ကျောင်းသားတစ်ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိပြီးနောက် ဆရာ၊ ဆရာမ အပါအဝင် ကျောင်းသူ၊ ကျောင်းသား ၅၀ ကျော်ကို ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှာ‌တော့ ကျောင်းသား ၄ ဦးမှာ ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိခဲ့တာပါ။

ဒါ့အပြင် ကိုဗစ်ရောဂါပိုး ကူးစက်ခံလိုက်ရတဲ့ ကျောင်းသား ၁ ဦးရဲ့ မိသားစုဝင်တွေကို ကိုဗစ်ရောဂါပိုး ရှိ မရှိ  ထပ်မံ စစ်ဆေးရာမှာတော့ အဘွားအိုတစ်ဦး ကိုဗစ်ရောဂါပိုး ထပ်မံ ကူးစက်ခံခဲ့ရပါတယ်။

ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တဲ့ ကျောင်းသား ၅ ဦးနဲ့ အဘွားအိုတို့ကို ရွာလွတ်တိုက်နယ်ဆေးရုံမှာ စောင့်ကြည့်ကုသပေးနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ရွာလွတ်ကျေးရွာက အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းကို ယာယီကျောင်းပိတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် မနက်ဖြန် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကျောင်းသူ၊ ကျောင်သားတွေနဲ့ ဆရာ၊ ဆရာမတွေကို ဒုတိယအကြိမ် ရောဂါပိုး ရှိ မရှိ စစ်ဆေးသွားမှာ ဖြစ်ပြီး၊ ရောဂါပိုး မတွေ့ရင် ကျောင်းဖွင့်သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာမှာတော့ အခြေခံပညာအထက်တန်းကျောင်း ၁ ကျောင်း၊ မူလတန်ကျောင်း ၄ ကျန်ရှိနေတာ ဖြစ်ပြီး ရောဂါပိုးတွေ့ရှိခဲ့တဲ့ မူလတန်ကျောင်း ၁ ကျောင်းကလွဲပြီး ကျန်ကျောင်းအားလုံး ဖွင့်လှစ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024