Home
မြန်မာသတင်း
တောင်တွင်းကြီး CB Bank ဝန်ထမ်းအမျိုးသမီး ၁ ဦးနှင့် ရွာသား ၂ ဦး ဖမ်းဆီးခံရ
DVB
·
December 19, 2021
267791020_1239596929867648_5211663350617761506_n

မကွေးတိုင်း တောင်တွင်းကြီးမြို့၊ ပြည်လမ်းပေါ်မှာရှိတဲ့ CB Bank က ဝန်ထမ်းအမျိုးသမီး ၁ ဦးကို ဒီဇင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက ရုံးတက်နေစဉ် စစ်ကောင်စီတပ်က  ဘဏ်အတွင်းဝင်ရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

CB Bank ဝန်ထမ်းတဦးက ''စစ်သားတွေ ၂၀ လောက်ရှိမယ်။ သေနတ်တွေနဲ့ ဘဏ်ထဲဝင်လာပြီး မနှင်းနုဝေကို ဖမ်းသွားတယ်။ ရုံးတက်နေချိန်ဆိုတော့ ယူနီဖောင်းနဲ့ ပါသွားတာ'' လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ မနှင်းနုဝေဟာ တောင်တွင်းကြီးမြို့၊ မောင်းတိုင် ၂ ရပ်ကွက်၊ အသောကလမ်းမှာ နေထိုင်သူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနှင်းနုဝေဟာ ဒီဇင်ဘာ ၁၀ ရက် လူ့အခွင့်အရေးနေ့က လက်သုံးချောင်းထောင်ပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတင်ခဲ့တာကြောင့် ဖမ်းဆီးခံရတာ ဖြစ်နိုင်တယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက မှန်းဆကြပါတယ်။

အလားတူ တောင်တွင်းကြီးမြို့နယ် တလုပ်ကုန်းကျေးရွာအုပ်စု၊ နှစ်ကျပ်ခွဲကျေးရွာက ကိုရှောလမုံ နဲ့ ကိုရာကျော်တို့ ၂ ဦးကိုလည်း စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ဖမ်းဆီးသွားပြီး ဒီဇင်ဘာ ၁၉ ရက်အထိ မိသားစုနဲ့ အဆက်အသွယ်မရဘူးလို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ တောင်တွင်းကြီးမြို့မရဲစခန်းကို ဆက်သွယ်ရာမှာ တာဝန်ကျရဲတစ်ဦးက ''CB ဘဏ်ကအမျိုးသမီးကတော့ မနေ့ကတည်းက စခန်းကိုရောက်လာပါပြီ။ ရွာသား ၂ ယောက်ကတော့ မသိဘူးဗျ။ မရောက်သေးဘူး။ စစ်ကြောရေးမှာ ရှိမှာပေါ့။ အဲဒီကို ဆက်သွယ်မေးကြည့်ပါ'' လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024