ကချင်ပြည်နယ် ဝေးလံဒေသတွင် CERN-Kachin Team က ကျန်းမာရေးစောင့်ရှောက်ပေး (ဓာတ်ပုံ)
DVB
·
December 19, 2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ်၊ နောင်မွန်းမြို့နယ်နဲ့ မုန်လန်ဝမ်တုန်ဒေသမှာ မိဘပြည်သူ ၁၈၀၀ ကျော်ကို အခြေခံကျန်းမာရေးစစ်ဆေးပေးနိုင်ခဲ့တယ်လို့ ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ CERN-Kachin Team က ထုတ်ပြန်ထားပါတယ်။
CERN-Kachin အဖွဲ့ဟာ ကချင်ပြည်နယ်မှ၊ လုပ်ငန်းရှင်၊ ဆေးကျောင်းသူ၊ ကျောင်းသားတွေ၊ သူနာပြုတွေ၊ ဆရာဝန်တွေ၊ ခရစ်ယာန် ဓမ္မဆရာ၊ ဆရာမတွေ၊ လူငယ်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့စုဖွဲ့ထားတဲ့ လူမှုကူညီရေးအဖွဲ့ ဖြစ်ပါတယ်။