Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့နယ်တွင် နယ်ထိန်းရဲ ၁ ဦး လုပ်ကြံခံရ
DVB
·
December 18, 2021
267835410_1239139346580073_4203862674991732708_n

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာ၊ တိုက်နယ်ရဲစခန်းက နယ်ထိန်းအဆင့်ရှိသူ အောင်နန်းဦးဟာ ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်က လုပ်ကြံခံလိုက်ရတယ်လို့ သိရပါတယ်။

ဆတ်သွားဒေသခံတဦးက ''ဆတ်သွားက ပြည်လမ်းမပေါ်မှာလုပ်ကြံခံရတာ။ ဗိုက်ကအူတွေထွက်ပြီး ဆုံးသွားပြီတဲ့။ သစ်ကိစ္စတွေ၊ လောင်းကစားကိစ္စတွေကနေ ငွေတောင်းတဲ့ကိစ္စတွေကနေ ဖြစ်လာတဲ့အကျိုးဆက်ဖြစ်မှာပေါ့။ ဆတ်သွားက အေးချမ်းပါတယ်။ ဘာ PDF မှမရှိဘူး'' လို့ ပြောပါတယ်။

နယ်ထိန်း အောင်နန်းဦး လုပ်ကြံခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဆတ်သွားနယ်မြေ ရဲစခန်းနဲ့ တောင်တွင်းကြီးမြို့မရဲစခန်းကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

ညနေ ၄ နာရီဝန်းကျင်မှာ သေဆုံးသူရဲ့ရုပ်အလောင်းကို တောင်တွင်းကြီးဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်နေတယ်လို့ ဆတ်သွားရဲစခန်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

အဆိုပါ နယ်ထိန်းအောင်နန်းဦး လုပ်ကြံခံရမှုဟာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ မသက်ဆိုင်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့တွေက ငြင်းဆိုထားပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် မတ်လ ၂ ရက်က တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား ကျေးရွာနေ အသက် ၁၆ နှစ်အရွယ် လူငယ်တဦးဟာ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရဖူးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024