မီတာခတွေ လိုက်လံကောက်ခံနေတာကြောင့် မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် လျှပ်စစ်ရုံးအား ဒီဇင်ဘာလ ၁၄ ရက်မှာ ဗုံးပစ် ဖောက်ခွဲသတိပေးခဲ့တယ်လို့ မလှိုင်မြို့ပြပြောက်ကျားအဖွဲ့က လူမှူကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။
မြို့ခံတစ်ဦးက “လျှပ်စစ်ရုံးထဲမှာ ဖြစ်တာ အသံကတော့ ပြင်းတယ်။ ညနေပိုင်းလောက်က ဖြစ်သွားတယ်၊ ထိခိုက်တာတော့ မရှိပါဘူး။ ဗုံးစမှန်လို့ အနည်းအကျဉ်းလောက်တော့ ပျက်စီးတာ သိရတယ်" လို့ ပြောပါတယ်။
စစ်အာဏာရှင် ဖြုတ်ချရေး မြို့ပြပြောက်ကျားတော်လှန်ရေးအင်အားစု UGFM(Under Ground For Ma Hlaing)ကို ဖွဲ့စည်ထားကြောင်း၊ ပြည်သူတွေအနေနဲ့ မိမိတို့နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ မည်သည့်ပစ္စည်းကိုမျှ ကိုင်တွယ်ကြည့်ရှေတာ အနီးအနား သွားရောက်စပ်စုတာ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ သစ္စာခံတွေဖြစ်တဲ့ စစ်သားတွေ၊ ရဲတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကျေးစာရေးတွေ၊ စည်ပင် အပါအဝင် အခြားသောဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ နီးနီးကပ်ကပ် နေထိုင်တာတွေ မပြုလုပ်ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။