Home
မြန်မာသတင်း
မြိုင်မြို့နယ်၊ ကြောင်ကန်ကျေးရွာက ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးခံရ
DVB
·
December 13, 2021
263012184_1235761510251190_2659798886849342854_n

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကြောင်ကန်ကျေးရွာက ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ ဆိုင်ကယ်တွေကို ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ သုံးဘီးဆိုင်ကယ် ၁ စီးနဲ့  မော်တော်ဆိုင်ကယ် ၈ စီးကို ယူဆောင်သွားကြပြီး ရွာပြင်မှာ မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

''သုံးဘီးဆိုင်ကယ် ၁ စီးနဲ့ ဆိုင်ကယ် ၈ စီးကို ရွာအပြင်ယူသွားပြီး မီးရှို့ဖျက်ဆီးသွားကြတာ။ ရွာကလူငယ်တွေလည်း ကြောက်လို့ထွက်ပြေးကုန်ကြပြီး ထွက်ပြေးကြသူတွေဟာ ကြောင်ကန် ကျေးရွာ ဒေသခံတွေသာမကဘဲ အနီးအနားမှာရှိတဲ့ ကျေးရွာအချို့က ပြည်သူတချို့လည်း တိမ်းရှောင်ထွက်ပြေးနေကြရပြီး ရာသီဥတုအေးလွန်းတဲ့အတွက် တောတောင်တွေထဲမှာ ဒုက္ခရောက်ကြရတယ်။” 

စစ်ကောင်စီတပ်တွေဟာ မကွေးတိုင်းအထက်ပိုင်း မြို့နယ်တချို့က ကျေးရွာတွေကို မကြာခဏဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်သွားကြသလို မီးရှို့ ဖျက်ဆီးခဲ့တာတွေ ပြုလုပ်နေတဲ့အတွက်ကြောင့် ဒေသခံပြည်သူတွေ ဒုက္ခရောက်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်ရဲ့အာဏာသိမ်းမှုတွေကြောင့် ဘက်ပေါင်းစုံ နိမ့်ပါးလာနေပြီး ပြီးခဲ့တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ၁၀ နှစ်အတွင်းရရှိခဲ့တဲ့ တိုးတက်မှုတွေ ဟာလည်း တစ်ဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာကာ လေ့လာဆန်းစစ်ချက်တွေအရ ၂၀၀၅ ခုနှစ် မတိုင်ခင်က မြင်တွေ့ခဲ့ရတဲ့ ဆင်းရဲမွဲတေမူလမ်းကြောင်းပေါ်ကို ပြန်ရောက်ရှိနေတယ်လို့ ကုလ သမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ပြန်ကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024