Home
သတင်းဓာတ်ပုံ
“အာဏာရှင်ကိုအမြစ်ဖြတ်ဖို့ စစ်တပ်ထုတ်ကုန် သပိတ်မှောက်စို့” ကြွေးကြော်သံဖြင့် လောင်းလုံးမြို့နယ်တွင် ဆန္ဒပြ
DVB
·
December 8, 2021
260732732_433295848518480_2215032809706109928_n
260650269_433295831851815_8334990755358706829_n
264431345_433295748518490_924194245902315726_n
264070261_433295911851807_8267721136017901064_n
263563582_433295878518477_7603527138898217999_n
263434170_433295761851822_8427068646498406828_n
263314698_433295751851823_4836778919607308534_n

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ဒေသခံ လူငယ်တွေက “စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ စစ်တပ်ထုတ်ကုန်တွေကို သပိတ်မှောက်စို့” ခေါင်းစဉ်နဲ့ ဒီဇင်ဘာ  ၈ ရက်နေ့ မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို  လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများ သမဂ္ဂနဲ့ ဒေသတွင်း လူငယ်တွေပူးပေါင်းပြီး ပြုလုပ်ခဲ့ကြတာပါ။

လောင်းလုံမြို့နယ်အတွင်းက လူငယ်တွေဟာ အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အမြဲမပြတ် လုပ်ဆောင်နေကြပြီး အခုလိုဆောင်ရွက်နေတာဟာ အာဏာရှင်စနစ်ရဲ့ လုပ်ရပ်တွေကို မုန်းတီးလို့ဖြစ်ကာ ပြည်သူတွေ သွေးမအေးစေဖို့ရည်ရွယ်ပြီး အခုလို ဆောင်ရွက်နေတာဖြစ်တယ်လို့လဲ ဦးဆောင်လှုပ်ရှားသူတွေက ပြောပါတယ်။ 

အခုဆန္ဒထုတ်ဖော်မှုမှာ စစ်တပ်ထုတ်ကုန်နဲ့ပတ်သက်တဲ့ ပိုစတာ ဆိုင်းဘုတ်တွေကို လူစည်ကားရာနေရာတွေမှာ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024