Home
မြန်မာသတင်း
မဲဆောက်မြို့တွင် ရွှေ့ပြောင်းကျောင်းသားများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေး
DVB
·
December 5, 2021
Me Sout Migrant Students COVID-19 1
Me Sout Migrant Students COVID-19 2
Me Sout Migrant Students COVID-19 3
Me Sout Migrant Students COVID-19 4
Me Sout Migrant Students COVID-19 5
Me Sout Migrant Students COVID-19 6
Me Sout Migrant Students COVID-19 7
Me Sout Migrant Students COVID-19 8
Me Sout Migrant Students COVID-19 9
Me Sout Migrant Students COVID-19 10

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တစ်ဘက်ကမ်း မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းကျောင်းသားတွေကို ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေပါတယ်။

ရွှေ့ပြောင်းကျောင်းသား/သူတွေ ပညာရေး မနှောင့်နှေးစေဖို့နဲ့ စာသင်ချိန် ကိုဗစ်မကူးစက်စေလိုတာကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးတာလို့  ထိုင်းကျန်းမာရေးဌာနက ပြောပါတယ်။

အသက် ၁၂ နှစ်ဝန်ကျင်းနဲ့ ၁၂ နှစ်အထက် ရွှေ့ပြောင်းကျောင်းသားတွေကို မဲဆောက်မြို့ ကဖီဘန်းကျေးရွာ ၁ ရပ်ကွက် စာသင်ကျောင်းမှာ  ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးပေးတာပါ။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆာသူလေကျောင်းက ၂၀၀ ကျော်အပါအဝင် အခြားကျောင်းတွေက ကျောင်းသား/သူတွေ ထိုးနှံခဲ့ကြတယ်လို့ သိရပါတယ်။

မဲဆောက်မြို့ အပါအဝင် နယ်စပ် ၅ မြို့နယ်မှာ ရွှေ့ပြောင်းစာသင်ကျောင်း ၆၄ ကျောင်းရှိပြီး မြန်မာနိုင်ငံက ရွှေ့ပြောင်းကျောင်းသား သောင်းချီ ပညာသင်နေကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ကဖီဘန်းကျေးရွာ ၁ ရပ်ကွက်မှာ ထိုင်းလူမျိုးတွေအပါအဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမားအယောက် ၂၀၀၀ ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024