Home
မြန်မာသတင်း
မြောင်မြို့နယ်တွင် စစ်ဆေးရေးဂိတ်များကို ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က စတင်စစ်ဆေး
DVB
·
December 4, 2021
CDSOM
CDSOM 1

စစ်ကိုင်းတိုင်းဒေသကြီး၊  မြောင်မြို့နယ်ရဲ့ မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေမှာ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ဒီကနေ့ ဒီဇင်ဘာ ၄ ရက် နေ့ကစတင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတဦးက ''စစ်ကိုင်းဘက်ကလာတဲ့ မြောင်မြို့အဝင်ဂိတ်ကို "နတ်မြင်းဂိတ်"၊  မြောင်အရှေ့ဘက်ပိုင်းကို "မင်းယက္ခနှင့်ဆင်ရိုင်းဂိတ်"၊  မြောင်တောင်ပိုင်းကျွန်းထဲအရပ်ကို "ဗိုလ်ကျားသစ်ဂိတ်"၊ မြောင်အနောက်ခြမ်း ကုန်းမြေကို "ခြင်္သေ့မင်းဂိတ်" နဲ့ ချင်းတွင်းမြစ်ကြောင်းကို "နှလုံးလှဂိတ်" တွေလို့ သတ်မှတ်ထားပြီး စစ်ဆေးမှုကို ငြင်းဆန်ရင် ဂိတ်မှူးတွေက  ထိထိရောက်ရောက် အရေးယူသွားမယ်'' လို့ ရှင်းလင်းပြောပြပါတယ်။

CDSOM က သတ်မှတ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရမိတဲ့ စစ်ကောင်စီတပ်နဲ့ဆက်နွှယ်ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပြည်သူပိုင်အဖြစ် ထိန်းသိမ်းသွားမှာဖြစ်ပြီး ထိန်းသိမ်းပစ္စည်းရမိတဲ့ပစ္စည်းတွေကို ပြည်သူ့ကာကွယ်ရေးအသုံးစရိတ်နဲ့ မြို့နယ်သူ၊ မြို့နယ်သားတွေရဲ့ အသုံးစရိတ်တွေအဖြစ် ခွဲဝေသုံးစွဲသွားမယ်လို့ ဆိုပါတယ်။

CDSOM အဖွဲ့ရဲ့ မြို့အဝင်အထွက်ဂိတ်တွေမှာ စစ်ဆေးမှုပြုလုပ်ရာမှာလည်း ဒေသခံပြည်သူတွေဆီက ဆက်ကြေးကောက်ခံတာ၊ လာဘ်ပေး၊ လာဘ်ယူပြုလုပ်တာတွေကို လုံးဝပြုလုပ်သွာမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ကလည်း မြောင်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးတွေ စတင်လုပ်ဆောင်ခဲ့ရာမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း မန္တလေးကနေ မုံရွာမြို့ဘက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ရွှေဂျိုးဖြူ ဆီတင်သင်္ဘောနဲ့ BOC သင်္ဘောတို့ကို နှလုံးလှဂိတ်က တာဝန်ရှိသူတွေက ထိန်းသိမ်းခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024