Home
မြန်မာသတင်း
လွိုင်ကော်-ဒီးမော့ဆို-ဒေါသမကြီး- ဘောလခဲလမ်းပိုင်းကို ပိတ်ထားမည်ဟု KNDF ထုတ်ပြန်
DVB
·
December 2, 2021
261375739_5026390580739092_563630480710789903_n

ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဘောလခဲမြို့နယ်တွေကို ချိတ်ဆက်ထားတဲ့ လမ်းပိုင်း ဖြစ်တဲ့ လွိုင်ကော်-ဒီးမော့ဆို-ဒေါသမကြီး-ဘောလခဲလမ်းပိုင်းကို  နက်ဖြန် ဒီဇင်ဘာ ၃ ရက်နေ့က စပြီး ရက်အကန့်အသန့်မရှိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်ကနေ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်ဆီကို တပ်ချိန်းပြောင်းလဲမှုတွေ၊ တပ်အင်အားဖြည့်တင်းမှုတွေနဲ့ ရိက္ခာတွေ ပို့ဆောင်ရာမှာလည်း လွိုင်ကော်- ဒီးမော့ဆို- ဒေါသမကြီး- ဘောလခဲလမ်းပိုင်းကို အသုံးပြုနေပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကျေးရွာတွေကို ကင်းထောက်တာ၊ စစ်ရေးလှုပ်ရားတာတွေကို အဆိုပါ လမ်းကြောင်းကို အသုံးပြုနေတဲ့အတွက်  အများပြည်သူလုံခြုံရေးအတွက် ဒီဇင်ဘာ ၃ ရက်နေ့ကပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ လွိုင်ကော်-ဒီးမော့ဆို- ဒေါသမကြီး- ဘောလခဲလမ်းပိုင်းကို ခရီးသွားလာခြင်း မပြုဖို့ မေတ္တာရပ်ခံထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024