စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ငအုန်းကျေးရွာအနီးတွင် စစ်ကောင်စီ ကျောက်စိမ်းတင် မော်တော်တွေမှာပါတဲ့ စစ်ကောင်စီတပ်တွေနဲ့ မင်းကင်း PDF တပ်ရင်း ၂ တို့ ဒီဇင်ဘာ ၂ ရက်နေ့မနက် ၁၀ နာရီလောက် နှစ်ဖက်အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မင်းကင်း PDFအဖွဲ့ဝင်တစ်ဦးက “တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့်ကြာတယ်၊ စစ်ကောင်စီဘက်က လက်နှက်ကြီး လက်နှက်ငယ်တွေနဲ့ ပစ်ခတ်တယ်၊ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တူမီးသေနတ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့တယ်။” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျဆုံးကိုတော့ အတိအကျမသိရဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘဲ ဆုပ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၃၀ ရက် မနက် ၆ နာရီကျော်လောက်ကလည်း မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုးအောက်ဒေသတွေမှာ စစ်ကြောင်းထိုးမွှေနှောက်နေတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေကို မင်းကင်းဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။