မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ မော့ကနင်ကျေးရွာနေ NLD ပါတီကိုယ်စားလှယ်လောင်းရဲ့ အစ်ကို ကိုလှားနဲ့ ဇနီးဖြစ်သူတို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်နိုင်ရဲ့ အစ်ကိုနဲ့ ဇနီးဖြစ်သူတို့ကို နိုဝင်ဘာ ၂၄ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင်လောက် လာဖမ်းသွားတာလို့ NLD ပါတီ တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။
ရေးမြို့နယ်၊ ကမော့ကနင်ကျေးရွာနေ အန်အယ်လ်ဒီပါတီဝင် ဦးသက်နိုင်ရဲ့ နေအိမ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် ဒီမနက် ၆ နာရီအချိန်လောက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ၀င်ရောက်ရှာဖွေခဲ့ပြီး လူမတွေ့တဲ့အတွက် ပစ္စည်းတွေ ခိုးယူသွားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂ ရက်ကလည်း ရေးမြို့နယ်ရှိ အန်အယ်လ်ဒီ အမတ်ဟောင်း ဦးမျိုးဝင်းကို စစ်တပ်က လာဖမ်းရာမှာ မတွေ့တဲ့အတွက် ဦးမျိုးဝင်းရဲ့ ဇနီးနဲ့ သမီးတို့အပြင် အသက် ၉၀ ကျော် မိခင်ကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးသွားပါတယ်။
ရေးမြို့နယ်မှာ NLD ပါတီကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီထောက်ခံသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က မကြာခဏ ၀င်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ ပြုလုပ်နေသလို မြို့နယ် NLD ရုံးလည်း မိုင်းခွဲဖျက်ဆီးခံထားရပါတယ်။