ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ညှဉ်းပန်းနှိပ်စက်မှု တွေ မပြုလုပ်ပဲ လူ့ဂုဏ်သိက္ခာနဲ့အညီ လုံခြုံစွာထိန်းသိမ်းထားရှိကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နိုဝင်ဘာ ၁၉ ရက်စွဲနဲ့ အဆိုပါထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေဖြစ်ကြတဲ့ တပ်သားဖြိုးပိုင် - ကိုယ်ပိုင်အမှတ် တ/၅၆၈၁၇၃၊ တပ်သားမင်းထက်ကျော် - ကိုယ်ပိုင် အမှတ် တ/၅၇၀၀၀၃၊ တပ်သားဖြိုးဝေစိုး - ကိုယ်ပိုင်အမှတ် တတ/၁၂၇၂၈၈ တို့နဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC)ကို ဆက်သွယ် အကြောင်း ကြားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်သုံ့ပန်းတွေကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်က အမှတ်(၁)စစ်ဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ ခုခံတော်လှန်စစ်ပွဲ အတွင်း ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောကာလ မြန်မာနိုင်ငံမှာတော့ ပြည်သူလူထုရဲ့ ထောက်ခံအားပေးပါဝင်မှုနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကစတင်ကာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို တနိုင်ငံလုံးအတိုင်း အတာနဲ့ ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း ပြည်သူ့ကာကွယ် ရေးအဖွဲ့အစည်းတွေ သုံ့ပန်းနဲ့ စစ်ဘက်အကျဉ်းသားထိန်းသိမ်းရေးဆိုင်ရာ လမ်းညွှန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်း စိမ်တွေကို ခြိမ်းခြောက်နေတဲ့အပြင် လက်နက်အားကိုး အကြောင်းမဲ့ ပစ်သတ်တာမျိုး တွေ၊ ဖမ်းဆီးခံရသူတွေကို အသက်အန္တရာယ်ထိ စစ်ကြောသတ်ဖြတ်ပစ်တာမျိုးတွေအထိ မင်းမဲ့စရိုက်ဆန်ဆန် ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ကတော့ မြန်မာ နိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၂၇၅ ယောက်ထိရှိလာပြီလို့ ထုတ်ပြန်ထား ပါတယ်။