Home
မြန်မာသတင်း
မိုးကုတ်မြို့တွင် ပစ်ခတ်မှုဖြစ်ပွား၊ လူငယ်တစ်ဦး စနိုက်ပါကျည် ထိမှန်သေဆုံး
DVB
·
November 19, 2021
258713542_868709913703041_8691630204835022210_n

မန္တ​လေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်းမှာ နိုဝင်ဘာ ၁၈ ရက်နေ့ညက ပစ်ခတ်မှုများဖြစ်ပွားခဲံပြီး ဆင်တောင်ကျောင်းကနေ ထွက်ကြည့်တဲ့လူငယ်တစ်ဦး စနိုက်ပါကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီဝန်းကျင်က စစ်ကောင်စီတပ် နဲ့ ဒေသခံ PDF အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်နက်ကြီးသံ ၃ ချက်လောက်နဲ့ သေနတ်ပစ်ခတ်သံ အချက်ရေ ရာချီကြားခဲ့ရလို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့လူငယ်နဲ့ နီးစပ်သူတစ်ဦးက "သူတို့က ပစ်နေတဲ့နေရာနဲ့ဝေးတယ်ဆိုပြီး ဆင်တောင်ဘုန်းကြီးကျောင်းပေါ်က တက်ကြည့်ကြတာ။ အဲ့တာကို ဖုန်းကမီးအလင်းပွင့်သွားတော့ အောက်ဘက်က စနိုက်ပါနဲ့ လှမ်းပစ်တာ၊ ရင်ဘတ်ကျည်ထိသွားတယ်၊ ကျည်ထိပြီးချင်း သတိလစ်သွားတာ" လို့ ပြောပါတယ်။

ဒေသခံတစ်ဦဂကလည်း "ကလေးကျည်ထိတော့ သက်ဆိုင်ရာကို ဖုန်းဆက်တော့ စက်ပိတ်ထားတယ်။ ဆေးရုံကိုဖုန်းဆက်တော့ အကြောင်းမပြန်ဘူး၊ ဆေးရုံသွားတဲ့လမ်းမှာတင် ဆုံးသွားတယ်” လို့ ပြောပါတယ်။

မိုးကုတ်မြို့မှာ နိုဝင်ဘာ ၁၈ ရက်နေ့ညပိုင်းက မိုးကုတ် အပေါ်ရဲစခန်း၊ အချုပ်ထောင်နဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာတွေမှာ ပေါက်ကွဲသံတွေကြားပြီးနောက် ပစ်ခတ်သံတွေ ဆက်တိုက်ကြားခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ ပတ်သက်ပြီး သိရှိနိုင်ဖို့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

မိုးကုတ်မြို့မှာ နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီ တပ်စခန်းဖြစ်တဲ့ ငါးရံ့အင်းစခန်း လက်နက်ငယ်နဲ့ တိုက်ခိုက်ခံထားရပြီး စစ်ကောင်စီတပ်က ၅ ဦးသေဆုံးခဲ့တဲ့အပြင် နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ပတ္တမြားမြေ PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့မှုဖြစ်ထားပြီး စစ်ကောင်စီတပ်က ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024