Home
မြန်မာသတင်း
ဖာပွန်တွင် BGF က လက်နက်ကြီးများဖြင့် ​ပစ်ခတ်မှုကြောင့် နေအိမ်နှင့်ကျွဲနွားများ ပျက်စီးသေဆုံး
DVB
·
November 18, 2021
258601485_979306156262991_3269310787617155060_n-1
258291004_979306312929642_152477606175902653_n
259056615_979306349596305_4181752581712242555_n
258858958_979306196262987_6453538809812661821_n
258601485_979306156262991_3269310787617155060_n
258584440_979306239596316_7336925891323902331_n

ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်) ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပိုမာဟဲနဲ့ နို့ဖောထီး ကျေးရွာအတွင်းကို စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လူနေအိမ်ပျက်စီးပြီး ကျွဲ၊ နွားတွေ ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက် မွန်းတည့် ၁၂ နာရီလောက်ကစပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၁၀၁၃ နယ်ခြားစောင့်တပ်ရင်းက ဗိုလ်လှကြိုင်ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီးနဲ့ ၂ နာရီခြား ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ်တချို့ပျက်စီးပြီး ကျွဲ၊ ၄ ကောင်၊ နွား ၁ ကောင် ထိမှန်သေဆုံးခဲ့တာပါ။

နို့ဖောထီး ကျေးရွာသားတစ်ဦးက "၁၀၁၃ နယ်ခြားစောင့်တပ်ရင်းက ဗိုလ်လှကြိုင်နဲ့ သူလူတွေ  ကျေးရွာထဲကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်နေတာ။ ရမ်းသန်းပစ်ခတ်လိုက်တာ ရွာထဲက လူနေအိမ်​တွေ ကျွဲနွားတွေ ထိမှန်လို့ သေတာတွေရှိတယ်။ လူတွေ မထိပေမယ့် ကြောက်လန့်တာပေါ့" လို့ ပြောပါတယ်။

လက်နက်ကြီး အချက်ပေါင်းများစွာ ပစ်ခတ်မှုကြောင့် ဘေးလွတ်လာရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကေအန်ယူ တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024