Home
မြန်မာသတင်း
နတ်မောက်မြို့မဈေးကြီး ဆိုင်ခန်းအားလုံးနီးပါး မီးလောင်ဆုံးရှုံး
DVB
·
November 14, 2021
256580768_1217244408769567_7919458876434449183_n
255812516_1217244198769588_2186931566548958950_n
255764104_1217244372102904_264937950540529607_n
255054228_1217244332102908_8374302785192906108_n
254640570_1217244238769584_3162461170427789866_n
254518647_1217244288769579_3239502113331019916_n
249018041_1217244462102895_1248411544288807239_n
241454360_1217244582102883_8066997308661933702_n
241434332_1217244542102887_6300975954215437174_n

မကွေးတိုင်း၊ နတ်မောက်မြို့ရှိ မြို့မဈေးကြီးမှာ နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီခွဲဝန်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာမှာ ဆိုင်ခန်းပေါင်း   ၉၀ ရာခိုင်နှုန်းနီးပါး မီးဘေးသင့်ခဲ့တယ်လို့  မြို့နယ်မီးသတ်စခန်းကနေ သိရပါတယ်။

မြို့မဈေးမှာ ဆိုင်ခန်းပေါင်း ၂၇၀ နီးပါးရှိတဲ့အထဲက ဆိုင်ခန်းပေါင်း ၂၄၀ ကျော် မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

နတ်မောက်မြို့မဈေးကြီးမှာရှိတဲ့ ဆိုင်ခန်းအများစုမီးလောင်ခံရပြီး အပြင်ဘက်တိုက်တန်းတွေသာ ကျန်ရစ်ကာ မီးမလောင်ဘဲကျန်နေတဲ့ ဆိုင်ခန်းတွေထဲက  ပစ္စည်းတွေဟာလည်း သုံးမရလောက်အောင် ပျက်စီးသွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့မဈေးမှာ နိုဝင်ဘာ ၁၃ ရက်နေ့ည ၉ နာရီ ၄၃ မိနစ်က စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး   နတ်မောက်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၄ စီး၊ မြို့သစ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီး၊ တောင်တွင်းကြီးမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၂ စီး ထွက်ခွာငြှိမ်းသတ်ခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုကို မနေ့ည ၁၁ နာရီ ၁၅ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ည ၁၁ နာရီ ၄၅ မိနစ်လောက် မီးငြိမ်းသွားတယ်လို့  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။  

မြို့မဈေးကြီးရဲ့ မြောက်ဘက်အလယ်အပေါက်က စတင်လောင်ကျွမ်းတာလို့ ဒေသခံတွေဆီက သိရပြီး မီးစတင်လောင်ရခြင်း အကြောင်းရင်းနဲ့ မီးလောင်ဆုံးရှုံးမှု တန်ဖိုးပမာဏကိုတော့ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024