Home
မြန်မာသတင်း
ကျုံပျော်မြို့နယ်တွင် Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ
DVB
·
November 12, 2021
256334292_1036895820426189_5285439487020872964_n

ကျုံပျော်မြို့နယ်၊ ရေစခန်းတိုက်နယ်၊ မြို့ချောင်းကျေးရွာနဲ့ ကျိုက်ပါကျေးရွာကြားရှိ Mytel တာဝါတိုင်ကို ကျုံပျော်ပြောက်ကျားစစ်ဆင်ရေးအဖွဲ့က နို၀င်ဘာလ ၁၂ ရက် မနက် မနက် ၆ နာရီမှာ ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။

ကျုံ​ပျော်​မြို့မှာ Mytel တာဝါတိုင်ကို ပထမဆုံးအကြိမ်​ဖောက်ခွဲခဲ့တာဖြစ်ပြီး စစ်ကောင်စီက အပြစ်မဲ့ ပြည်သူတွေကို စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နိုင်တာကြောင့် သတိထားသွားလာကြဖို့  ကျုံ​ပျော်​ပြောက်ကျားစစ်​ဆင်​ရေးအဖွဲ့တာဝန်ရှိသူတဦးက ​ပြောပါတယ်။

ဒါ့အပြင် ကျုံ​ပျော်မြို့နယ်အတါင်း ​ကျေးရွာလျှပ်စစ်မီတာ အတင်းအကျပ်​ကောက်ခံ​နေသူတွေကို ထိ​ရောက်စွာ တုံ့ပြန်သွားမယ်လို့ ကျုံ​ပျော်​ပြောက်ကျားစစ်ဆင်​ရေးအဖွဲ့က နို၀င်ဘာလ ၁၀ ရက်​နေ့မှာ သတိ​ပေးထား​ပါတယ်။

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ စီးပွား​ရေး၊ စစ်​ရေး၊ အုပ်ချုပ်​ရေး ပစ်မှတ်တွေကို မြို့ပြ​ပြောက်ကျားအဖွဲ့တွေက တိုက်ခိုက်တာတွေ ပြုလုပ်​နေ​ကြောင်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024