Home
မြန်မာသတင်း
မှော်ဘီ တင့်ကားတပ် စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေ
DVB
·
November 11, 2021
486074-mBEE-730x365

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ အမှတ် ၅၀၁၀ တ့င်ကားတပ် စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၁၁ ရက် ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ အမည်မသိလိုက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်သွား ပါတယ်။ 

သနွေပင်ကျေးရွာမှာရှိတဲ့ အမှတ် ၅၀၁၀ တ့င်ကားတပ် စစ်ဆေးရေးဂိတ်ကို အမည်မသိအဖွဲ့က ဝင်ရောက် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းဝိုင်းက သိရပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်ပိုင်း မှော်ဘီမြို့အဝင်စစ်ဆေးရေးဂိတ်နဲ့ တင်ကားတပ်ရင်းရှေ့ကို အင်အား အများအပြားနဲ့ပိတ်ဆို့ထားပြီး ဖြတ်သန်းသွားလာခွင့်ပါ ပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ဆေးရေးဂိတ်ကို လာရောက်ပစ်ခတ်ခဲ့တဲ့ သူတွေဟာ ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာ မသိရသေးလို အားလုံးလည်း ဖမ်းမမိဘဲ လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ထောက်တိုင်တွေနဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ ကင်းစခန်းတွေကို  ရန်ကုန်မြို့မှာ နေ့စဉ်ဆိုသလို ဖောက်ခွဲပစ်ခတ် တိုက်ခိုက်ခံရတာတွေ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024