ဖားကန့်ကထိန်ပွဲတွင် ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ကြဖို့ရန် မေတ္တာရပ်ခံ
DVB
·
November 11, 2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ပြည်သူတွေအနေနဲ့ ကထိန်ပွဲမှာပျော်ပွဲရွှင်ပွဲတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားတဲ့စာတွေကို ဖားကန့်ဈေး၊ ကျောက်ဝိုင်းနဲ့ လူစည်ကားရာနေရာတွေမှာ နိုဝင်ဘာ ၁၁ ရက် ဒီနေ့မနက်က ဖြန့်ဝေခဲ့ကြပါတယ်။
ဖားကန့် ပင်မသပိတ်ကော်မတီက ဖြန့်ဝေခဲ့တာဖြစ်ပြီး ကုသိုလ်ရေးကို အားထားလုပ်ကြဖို့၊ PDF ရဲဘော်တွေကို ကိုယ်ချင်းစာတဲ့အနေနဲ့ ပွဲလမ်းသဘင်တွေ လှည့်လည်သွားလာတာ၊ တီးမှုတ်တာတွေ မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။