ဧရာဝတီတိုင်း မော်ကျွန်းမြို့ ၅ လမ်းနဲ့ ၆ လမ်းထိပ်မှာ နို၀င်ဘာ ၈ ရက်နေ့ည ၈ နာရီ ၄၅ မိနစ်လောက်က ဒလန်ပျူစောထီး ကျော်တင့်ဦးဆိုသူ သေနတ်ပစ်ခံရတယ်လို့ သိရပါတယ်။
မော်ကျွန်းနဲ့ ဝါးခယ်မမြို့ပြ ပြောက်ကျားပူးပေါင်း ဧရာဝတီလင်းပိုင်အဖွဲ့က မော်ကျွန်းမြို့အကြီးဆုံး ဒလန်ကျော်တင့်ဦးအား သတိပေးပစ်ခတ်ခဲ့တာဖြစ်ပြီး မြို့နေပြည်သူတွေကို ဒုက္ခပေးနေပါက အသေပစ်သတ်သွားမယ်လို့ ပူးပေါင်းအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမှုးတွေ၊ ပျူစောထီး သတင်းပေး ဒလန်တွေအားလုံး စစ်ကောင်စီ နဲ့ ဆက်လက်လုပ်ကိုင်နေပါက အပြီးတိုင် သုတ်သင်ရှင်းလင်းသွားမယ်လို့ ဧရာဝတီလင်းပိုင်အဖွဲ့ကပြောပါတယ်။
မော်ကျွန်းမြို့မှာလည်း ဒလန်ကျော်တင့်ဦးဟာ လူမှုကွန်ရက်စာမျက်နှာကနေ ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ပြောဆိုနေသူဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက သေနတ်တွေ ပစ်ဖောက်ပြီး အပြစ်မဲ့ပြည်သူတွေကို ခြိမ်းခြောက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။