Home
မြန်မာသတင်း
ကောလင်း တိုက်ပွဲအတွင်း စစ်ကောင်စီက ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်
DVB
·
November 8, 2021
251712200_193829982917266_6838392361218291375_n

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲမှာ နိုဝင်ဘာ ၇ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ရဟတ်ယာဉ်တွေနဲ့ပါ လာပစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၇ ရက် မနက်ပိုင်းကစလို့ ကောလင်းမြို့ အနောက်ခြမ်း ရှမ်းကလုံးရွာအရှေ့ဘက်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

“အကြီးအကျယ်ပစ်ခတ်ကြတာပါ။ နေ့လယ် ၁ နာရီလောက်မှာ စစ်တပ်ဘက်က ရဟတ်ယာဉ်၂ စီးနဲ့ လာပစ်တယ်။ ညနေ ၄ နာရီလောက်မှာမှ ပြန်သွားတယ်။ ပစ်ခတ်သံတွေကတော့ ညနေ ၆ နာရီလောက်အထိ ကြားနေရတုန်းပဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ရွာဒေသခံတွေကတော့ ပြေးလမ်းမရှိလို့ ရွာဦးဘုန်းကြီးကျောင်းမှာပဲ နေကြရတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲဖြစ်တဲ့နေရာဟာ ကျေးရွာတွေရဲ့ အနီးမှာပဲဖြစ်ပြီး ဂွေးတောက်တောရွာ၊ အောက်ကလုံးရွာ၊ ရွှေတွင်းရွာ၊ ညောင်ပင်သာရွာ၊ ဥကံရွာ၊ ချောင်းနားရွာနဲ့ မိုးနံရွာတို့ ရှိကြပါတယ်။ 

တိုက်ခိုက်ရာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအပြင် ကချင်လွတ်မြောက်ရေးတပ်မတော်လည်းပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် နှစ်ဖက် ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024