စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့ မဲနောကျေးရွာမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင် တွေကို လက်နက်သင်တန်းပေးတဲ့ ပျူခေါင်းဆောင်ကို မြင်းမူ လျှပ်စစ်ပြောက်ကျားအဖွဲ့က ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
မြင်းမူ မဲနောကျေးရွာက စစ်ကောင်စီခန့် ဥက္ကဋ္ဌ ပျူစောထီခေါင်းဆောင် ဦးတင်ဝင်းဇော်ဟာ နေအိမ်မှာ နိုဝင်ဘာ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က လည်ပင်းသေနတ်တစ်ချက်နဲ့ ဓားတစ်ချက် ထိုးခံရတာကြောင့် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပျူစောထီး ခေါင်းဆောင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပျူစောထီး အဖွဲ့ဝင်တွေကို လက်နက်သင်တန်းပေးခြင်းနဲ့ စစ်ကောင်စီသတင်းပေးအဖြစ် လုပ်ဆောင်နေတဲ့အတွက် အခုလို ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူများ သတင်းပေးမှုကြောင့် သေချာ စုံစမ်းစစ်ဆေးပြီးမှသာ သတင်းအတည်ပြုရှင်းလင်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
မြင်းမူ လျှပ်စီးပြောက်ကျားအဖွဲ့အနေနဲ့ မြင်းမူ မြို့နယ်အတွင်း ဒလန်ရှင်းလင်းရေးတွေကို လုပ်ခဲ့တာဟာ ၁၀ကြိမ်ထက် မနည်းရှိခဲ့ပြီး ရှေ့ဆက်လည်း ရှင်းလင်းသွားမယ်လို့ အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။