မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာ၊ ပတ္တမြားတန်း(ကျားတန်း)က အန်အယ်လ်ဒီ ထောက်ခံသူ ရေလုပ်ငန်းရှင် ဒေါ်ဇင်မာအောင်ရဲ့နေအိမ်ကို နိုဝင်ဘာ ၃ ရက်နေ့ ည ၁၀ နာရီလောက်က ချိတ်ပိတ်သွားပြီး နေအိမ်မှာရှိနေတဲ့ ညီမဝမ်းကွဲ တော်စပ်သူကို ဓားစားခံအဖြစ် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
"ည ၁၀ နာရီလောက်လာပြီးချိတ်ပိတ်သွားတယ်။ ဒေါ်ဇင်မာအောင်တို့လင်မယားကို လာရှာတာ မတွေ့လို့ ရှိတဲ့သူ့ညီမဝမ်းကွဲကိုဖမ်းသွားတယ်၊ သူကနေအိမ်နဲ့ အလုပ်ရုံပေါင်းထားတာ ၊ အခုတော့ အိမ်ကိုချိတ်ပိတ်သွားတော့ အလုပ်ရုံကောပိတ်ခံရတာပေါ့"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေါ်ဇင်မာအောင်က အန်အယ်လ်ဒီပါတီ အမာခံထောက်ခံသူတစ်ဦးဖြစ်ပြီး ရေးမြို့က ရေလုပ်ငန်းရှင် တစ်ဦးလည်းဖြစ်ပါတယ်။
အလာားတူ ရေးမြို့နယ် အစင်စံပြကျေးရွာမှာလည်း အန်အယ်လ်ဒီပါတီဝင် နှစ်ဦးရဲ့ နေအိမ်တွေကို စစ်ကောင်စီက ချိတ်ပိတ်ထားပါတယ်။