Home
Lead Story
ဖားကန့် တရားမဝင်ကျောက်စိမ်းလုပ်ကွက်တွင် မြေစာပုံပြိုကျ၊ ဘက်ဟိုးကားသမား ၁ ဦးသေဆုံး
DVB
·
November 3, 2021
252266697_4407390522642565_7089267626515085950_n

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအနီးက တရားမဝင် ကျောက်စိမ်းတူးဖော်ရေလုပ်ငန်းခွင်မှာ နိုဝင်ဘာ ၂ ရက် နေ့ခင်းပိုင်းက မြေစာပုံပြိုကျလို့  ဘက်ဟိုး မောင်းသူတဦး သေဆုံးသွားခဲ့တယ်လို့  အခင်းဖြစ်ပွားရာအနီးမှာရှိတဲ့ ရေမဆေးကျောက်ရှာဖွေသူ တွေက ပြောပါတယ်။

ဘက်ဟိုးကားသမားဟာ  လုပ်ငန်းခွင်မှာ လုပ်ကိုင်နေစဉ်အတွင်း မြေစာပုံပြိုကျ ပိမိကာ ဘတ်ဖိုးကားထဲ ပိတ်မိသေဆုံးခဲ့တာလို့ သိရပါတယ်။ သေဆုံးသူ ဘက်ဟိုးဆရာရဲ့ ရုပ်အလောင်းကို လုံးခင်းကျေးရွာ သုဿန်ရဲ့ ရင်ခွဲရုံ အတွင်းမှ ထားရှိတယ်လို့လည်း သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသအပါအဝင် ရတနာနယ်မြေအားလုံးကို အာဏာသိမ်း စစ်ကောင်စီက  တူးဖော်မှုတွေရပ်နားထားဖို့ ညွှန်ကြားထားပေမဲ့ ဖားကန့်ရတနာနယ်မြေက မှော်တွေမှာတော့ တရားမဝင်ကျောက်စိမ်းတူးဖော်မှုတွေ အများအပြားလုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေ DVB ကိုပြောပါတယ်။

ဓာတ်ပုံ- (ဖားကန့် ယခင်ဓာတ်ပုံအဟောင်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024